" ဆိုင်ကလုန်းမုန်တိုင်းသတင်း"
(၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၅)ရက်၊ မြန်မာစံတော်ချိန် (၁၉:၀၀)နာရီအချိန်ထုတ်ပြန်ချက်)
ဆိုင်ကလုန်းမုန်တိုင်းသတင်း အမှတ်စဉ်(၀၃/၂၀၁၉)
ဆိုင်ကလုန်းမုန်တိုင်းအခြေအနေ
(က) ယနေ့မြန်မာစံတော်ချိန် (၁၈:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင်တွင် ဖြစ်ပေါ်
နေသောဆိုင်ကလုန်းမုန်တိုင်း "ပါဘက်"(Pabuk)သည် မြန်မာ နိုင်ငံ၊ ကော့သောင်းမြို့(Kawthaung)၏
အနောက်တောင်ဘက် (၇၅)မိုင်ခန့်၊ ကိုကိုး ကျွန်းမြို့(Coco Island)၏ အရှေ့တောင်ဘက် မိုင်(၃၆၀)ခန့်၊
အိန္ဒိယနိုင်ငံ၊ ပို့ပလဲယားမြို့(Port Blair)၏ အရှေ့တောင်ဘက် မိုင်(၃၀၀)ခန့်အကွာ ပင်လယ်ပြင်ကို ဗဟို
ပြုနေပါသည်။
(ခ) ဆိုင်ကလုန်းမုန်တိုင်း "ပါဘက်"(Pabuk)၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံ ဘက်သို့ ဦးတည်ရွေ့
လျားမည့် အခြေအနေမရှိသေးသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်သော်လည်း မြန်မာနိုင်ငံ၊ တနင်္သာရီ
တိုင်းဒေသကြီးသည် ဆိုင်ကလုန်းမုန်တိုင်း၏ အဝန်းအဝိုင်းအတွင်းသို့ ကျရောက်နေသဖြင့် ဆိုင်ကလုန်း
မုန်တိုင်း၏ သက်ရောက်မှုအန္တရာယ်ကို ခံစားရနိုင်ပါသည်။
ဆိုင်ကလုန်းမုန်တိုင်း၏တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း
အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း"ပါဘက်"(Pabuk)သည် မြန်မာစံတော်ချိန် (၁၈:၃၀) နာရီအချိန်တွင် မြောက်
လတ္တီကျု (၉.၅)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၉၇.၃)ဒီဂရီ တွင်ရှိပြီး၊ ဗဟိုချက်လေဖိအား (၉၉၈)ဟက်တိုပါ
စကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၅၀)နှုန်း ဖြစ်ပါသည်။
နောက်(၄၈)နာရီအတွင်းခန့်မှန်းချက်
အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း "ပါဘက်"(Pabuk)သည် အနောက်- အနောက်မြောက်ဘက်သို့ ဆက်
လက်ရွေ့လျားပြီး၊ နောက်(၄၈)နာရီအတွင်း ကပ္ပလီကျွန်းစုသို့ ဖြတ် ကျော်နိုင်သည်ဟု ခန့်မှန်းရပါသည်။
သတိပေးနှိုးဆော်ချက်
(က) အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း "ပါဘက်"(Pabuk)၏ အရှိန်ကြောင့် ယနေ့ညနေမှ နောက်(၇၂)နာရီ
အတွင်း နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသ ကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်း
ဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်
နယ်၊ ကရင်ပြည်နယ် နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာပြီး၊ အချို့နေရာများ
တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။
(ခ) မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင်
ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည်
တစ်နာရီလျှင် မိုင်(၄၀)အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-
တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၈)ပေမှ (၁၀)ပေခန့် ရှိနိုင်ပါသည်။
အကြံပြုချက်
အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း"ပါဘက်"(Pabuk)၏ အရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်းနှင့် အချိန်အခါ
မဟုတ်မိုးရွာသွန်းခြင်းတို့ဖြစ်ပေါ်နိုင်ပါသဖြင့် ပြည်တွင်း လေကြောင်းပျံသန်းရေးနှင့် မြန်မာ့ကမ်းရိုးတန်း
တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်
ကြိုတင်သတိပြုရှောင်ရှားကြပါရန် အကြံပြုအပ်ပါသည်။